What would you like to search for?

ထားဝယ်သို့ သွားရန် ပိုကောင်းသော လမ်းမကြီး

25 November 2015

ဘေးကင်း၊ အကျိုးများ၍ သဘာဝပတ်ဝန်းကျင်အရ ရေရှည် တည်တံ့နိုင်သော သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံကို ဒေသပတ်ဝန်းကျင် အနေအထား အခြေပြု ချဉ်းကပ်နည်းဖြင့်သာ ဖော်ဆောင်နိုင်ပါသည်။

မြန်မာနိုင်ငံတောင်ပိုင်းတွင်ရှိသော ဒေါနတောင်တန်းသည် ဒေသတွင်းတွင်နောက်ဆုံးကျန်ရှိနေသာ သစ်တောဖုံးလွှမ်းမှု အထူထပ်ဆုံး နေရာဖြစ်ပြီး မျိုးသုဉ်းမှု အန္တရာယ်နှင့် ရင်ဆိုင်နေရသော တောရိုင်းတိရိစ္ဆာန်များကိုလည်း တွေ့ရှိရသည်။ ကျား၊ အာရှဆင်နှင့် အခြား တောရိုင်းတိရိစ္ဆာန်များ ရှင်သန်တိုးပွားမှုကို အထောက်အကူပြုနေသည့် မြန်မာနှင့် ထိုင်း နယ်စပ်ဖြတ်ကျော်ဒေသကို ထိန်းသိမ်းရန် အလွန် အရေးကြီးပါသည်။ မြန်မာနိုင်ငံ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြောက်မှ တောင်သိ့ု သွယ်တန်းသွားသော တောအုပ်များသည် ထိုင်းနိုင်ငံ၏ တောအုပ်နှစ်ခု ဖြစ်သော အနောက်ဖက် သစ်တောကြိုးဝိုင်းနှင့် ကန်ကရာချန် သစ်တောကြိုးဝိုင်းတို့နှင့်ဆက်စပ် သွယ်တန်းလျှက် ရှိသည်။ သဘာဝ ဂေဟစင်္ကြံန်တစ်ခု တည်ဆောက်ခြင်းဖြင့် ယင်းဒေသတွင်း နေထိုင်သောလူများအတွက် အလွန်အရေးပါသည့် တောရိုင်းတိရိစ္ဆာန်နှင့် ဂေဟစနစ်၏ဝန်ဆောင်မှုများကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် များစွာ အထောက်အကူ ပြုမည်
ဖြစ်ပါသည်။

ထားဝယ် အထူးစီးပွားရေးဇုံနှင့် ယင်းစီမံကိန်းတွင် ပါဝင်သော လမ်းဖောက်လုပ်မှုသည် တနသာင်္ရီတောင်တန်းကို တိုက်ရိုက်ဖြတ်၍ ထားဝယ်နှင့် ဘန်ကောက်အား ကန်ချနာဘူရီ ဒေသမှတဆင့် ဆက်သွယ်ပေးမည် ဖြစ်သည်။ သဘာဝ ပတ်ဝန်းကျင်နှင့် လူ့အဖွဲ့အစည်း အပေါ်သို့ ကျရောက်လာမည့် သက်ရောက်မှုများကို လေးနက်စွာ ထည့်သွင်း စဉ်းစားထားခြင်း မရှိဘဲ စီမံကိန်းများ ချမှတ်တည်ဆောက်ခဲ့လျှင် ဒေသတွင်းရှိ တောရိုင်းတိရိစ္ဆာန်ပေါင်း များစွာနှင့် ဂေဟစနစ်တည်တံ့ ခိုင်ခံ့မြဲမှုကို ဆုံးရှုံးရမည့်အပြင် ထိုဒေသတွင် နေထိုင်သော ဒေသခံများနှင့် မြန်မာနိုင်ငံ၏ စီပွားရေးအပေါ် ပြင်းထန်သော အကျိုးဆက်များ သက်ရောက်လာမည် ဖြစ်သည်။