The WWF is run at a local level by the following offices...
- WWF Global
- Adria
- Argentina
- Armenia
- AsiaPacific
- Australia
- Austria
- Azerbaijan
- Belgium
- Bhutan
- Bolivia
- Borneo
- Brazil
- Bulgaria
- Cambodia
- Cameroon
- Canada
- Caucasus
- Central African Republic
- Central America
- Central Asia
- Chile
- China
- Colombia
- Croatia
- Democratic Republic of the Congo
- Denmark
- Ecuador
- European Policy Office
- Finland
မြန်မာနိုင်ငံ၏ ရာသီဥတုဆိုင်ရာ ဘေးဖြစ်နိုင်မှုအား ဆန်းစစ်ခြင်း - အနှစ်ချုပ်
21 March 2017
ဤအကျဉ်းချုပ်၏ အဓိကရည်မှန်းချက်မှာ မြန်မာနိုင်ငံတစ်ဝန်း ကဏ္ဍအသီးသီးမှ သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် ယခုအစီရင်ခံစာနှင့်အတူ ထွက်ရှိလာသော မြန်မာနိုင်ငံအတွင်း ရာသီဥတုပြောင်းလဲမှုအပေါ် နည်းပညာပိုင်း အသေးစိတ် ဆန်းစစ်သုံးသပ်ချက်မှ ထွက်လာသည့် အဓိက ဆိုလိုရင်းအချက်များကို ပေါင်းရုံးခြင်းဖြင့် စီမံကိန်း ရေးဆွဲမှုနှင့် ရင်းနှီးမြုပ်နှံမှု ဆုံးဖြတ်ချက်များအတွင်း ရာသီဥတုပြောင်းလဲမှု အန္တရာယ်များကို ထည့်သွင်းစဉ်းစားနိုင်စေရန် ဖြစ်ပါသည်။
ဤအကျဉ်းချုပ်၏ အဓိကရည်မှန်းချက်မှာ မြန်မာနိုင်ငံတစ်ဝန်း ကဏ္ဍအသီးသီးမှ သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် ယခုအစီရင်ခံစာနှင့်အတူ ထွက်ရှိလာသော မြန်မာနိုင်ငံအတွင်း ရာသီဥတုပြောင်းလဲမှုအပေါ် နည်းပညာပိုင်း အသေးစိတ် ဆန်းစစ်သုံးသပ်ချက်မှ ထွက်လာသည့် အဓိက ဆိုလိုရင်းအချက်များကို ပေါင်းရုံးခြင်းဖြင့် စီမံကိန်း ရေးဆွဲမှုနှင့် ရင်းနှီးမြုပ်နှံမှု ဆုံးဖြတ်ချက်များအတွင်း ရာသီဥတုပြောင်းလဲမှု အန္တရာယ်များကို ထည့်သွင်းစဉ်းစားနိုင်စေရန် ဖြစ်ပါသည်။ဤအကျဉ်းချုပ်သည် အထူးသဖြင့် အောက်ပါတို့အား ပံ့ပိုးနေမည်ဖြစ်သည်-
- အပူချိန်၊ မိုးရေချိန်၊ ပင်လယ်ရေမျက်နှာပြ င် မြင့်တက်မှုနှင့် လွန်ကဲ ရာသီဥတုဖြစ်စဉ်များ စသည့် လေ့လာတွေ့ရှိထားသော အစဉ်အဆက် ရာသီဥတုမှန်းဆချက်များနှင့် အနာဂတ်ကာလ မှန်းဆချက်များ အပါအဝင် ရာသီဥတုခြိမ်းခြောက်မှုဆိုင်ရာ သတင်းအချက်အလက်များကို ပေးအပ်ခြင်း၊
- ဇီဝမျိုးစုံမျိုးကွဲနှင့် ဂေဟစနစ်လုပ်ဆောင်ချက်များ၊ ကမ်းရိုးတန်းပိုင်းများ၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ အခြေခံအဆောက်အအုံ၊ ရေ
- အရင်းအမြစ်များနှင့် မြို့ပြ ဧရိယာများကဲ့သို့ နေ ရာကဏ္ဍများအပေါ် ရာသီဥတုပြောင်းလဲမှုက မည်သို့အကျိုးသက်ရောက်မည်ကို သိသာထင်ရှားစေခြင်း၊
- ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့် အလယ်ပိုင်းခြောက်သွေ့ရပ်ဝန်း ဒေသများမှ ဒေသန္တရစီမံကိန်းရေးဆွဲမှု အပေါ် အထောက်အကူ
- ပေးနိုင်ရန်အတွက် ရာသီဥတုခြိမ်းခြောက်မှုဆိုင်ရာ သတင်း အချက်အလက်များကို MCCA က မည်သို့အသုံးပြုနေကြောင်း
- လက်တွေ့ကျ နီးစပ်သည့် ဥပမာများ ပေးအပ်ခြင်း၊
- မြန်မာနိုင်ငံရှိလူများ၊ ဂေဟစနစ်များနှင့် စီးပွားရေးတို့အတွက် အနာဂတ်တွင် ပိုမိုဆိုးရွားသွားစေ နိုင်မည့် ပြောင်းလဲမှုများနှင့်
- ပတ်သက်၍ ပြောင်းလဲမှုများနှင့် ထိခိုက်မှုများကို ကိုင်တွယ်ဖြေ ရှင်းနိုင်ရေး ကူညီပေးနေ သည့်အပြင် စီမံကိန်းရေးဆွဲနိုင်ရေး
- အတွက်လည်း လမ်းညွှန်ပေးနေ သည့် ပြောင်းလဲပြင်ဆင်လွယ်သော လိုက်လျောညီထွေဖြစ်စေမည့် နည်းလမ်းတစ်ရပ်ကို
- မြန်မာနိုင်ငံအတွက် ဖြစ်နိုင်ခြေ ရှိသည့် အနာဂတ်ရာသီဥတုများအား ပေးအပ်လျက် ပံ့ပိုး ကူညီပေးခြင်း၊
- ပျမ်းမျှ အပူချိန်များမှာ ၁၉၈၁ ခုနှစ်နှင့် ၂၀၁၀ ခုနှစ်အတွင်း ဝ.၂၅˚C မြင့်တက်ခဲ့ပါသည်။
- ပူနွေးလာမှု အနေအထားမှာ ကမ်းရိုးတန်းဒေသများမှာထက်စာလျှင် ကုန်းတွင်းပိုင်းဒေသများ၌ ပိုမို မြန်ဆန်နေခဲ့ပြီး နေ့အလိုက် အမြင့်ဆုံးအပူချိန်များ မြင့်တက်လာမှုမှာလည်း နေ့အလိုက် ပျမ်းမျှ အပူချိန် များထက် ပိုမိုများပြားလာခဲ့ပါသည်။
- နှစ်စဉ်စုစုပေါင်းမိုးရေခန်မှာ ပိုမိုကြီးမားသည့် တိုးတက်မှု နှုန်းထားနှင့်အတူ ကုန်းတွင်းပိုင်း အရပ်ဒေသများထက်စာလျှင် ကမ်းရိုးတန်းဒေသများ၌ ၁၉၈၁ ခုနှစ်နှင့် ၂၀၁၀ ခုနှစ်အတွင်း အနည်းငယ်ပိုမို တိုးပွားလာခဲ့သည်။
- တိုးပွားလာမှုများမှာ ကမ်းရိုးတန်းဒေ သများ၌တစ်နှစ်ပတ်လုံးဖြစ်ပေါ်ခဲ့ သော်လည်း ကုန်တွင်းပိုင်း ဒေသများ၌မူ မုတ်သုံကာလအတွင်း၌သာ အဓိကဖြစ်ပေါ်နေခဲ့ပါသည်။
- သုတေသနက ဖော်ပြသည်မှာ နွေရာသီနှင့် မုတ်သုံရာသီအနေဖြင့် အကြမ်းဖျင်း တစ်ပတ်ခန့် ပိုမိုတိုတောင်းလာမည်ဟူ၍ ဖြစ်သည် (Lwin, 2002) ။