What would you like to search for?

ဧရာဝတီမြစ်နှင့် မြန်မာ့စီးပွားရေး - ဧရာဝတီ၏ အနာဂတ်များ

29 August 2018

ဤအစီရင်ခံစာသည် ဧရာဝတီမြစ်ဝှမ်းလွင်ပြင် တစ်လျှောက်ရှိ သက်ဆိုင်သူ အမျိုးမျိုးတို့၏ သဘောထားအမြင်များကို အလေးပေး တင်ပြထားသည့် အပိုင်းနှစ်ပိုင်းပါ အစီရင်ခံစာ၏ ဒုတိယတွဲ ဖြစ်ပါသည်။ ပထမအကြိမ် အလုပ်ရုံဆွေးနွေးပွဲများအနေဖြင့် ဧရာဝတီ မြစ်ဝှမ်းလွင်ပြင် ဒေသအကြောင်းနှင့် ယင်းဒေသတွင် နေထိုင်သူများအတွက် ရှိနေသော အန္တရာယ်များ၊ အခွင့်အလမ်းများနှင့် ပတ်သက်၍ လူအများ နားလည်သိရှိနိုင်စေရေးကို အလေးပေးထားပါသည်။ ထို့နောက် ဒုတိယမြောက် အလုပ်ရုံဆွေးနွေးပွဲများမှာမူ ရှေ့လာမည့် အနာဂတ်အပေါ် အသားပေးထားရာ အနာဂတ်တွင် ဖြ စ်နိုင်ခြေ ရှိသော ဖွံ့ဖြိုးမှု လမ်းကြောင်းများ မည်သို့ ဖြစ်နိုင်သည်ဟူ၍ အလေးပေးဖော်ပြထားသည်။

WWF-မြန်မာသည် မတူညီကွဲပြားသော ကဏ္ဍအမျိုးမျိုးမှ အဖွဲ့အစည်းများ လူပုဂ္ဂိုလ်များအား ဧရာဝတီမြစ်ဝှမ်း၏ အနာဂတ် မည်သို့ ဖြစ်လာနိုင်ကြောင်း စဉ်းစားပုံဖော်ကြည့်ရန် River in the Economy စီမံကိန်းမှတစ်ဆင့် စုစည်း ရင်းနှီးစေခဲ့ပါသည်။ အချို့သော အနာဂတ်များမှာ ကောင်းမွန်နေပုံရပြီး အချို့မှာ မကောင်းလှပေ။ အချို့သော အနာဂတ်များက အနည်းငယ်မျှ ကောင်းမွန်၍ အချို့သော အနာဂတ်များမှာမူ ကျွန်ုပ်တို့အား ရှင်သန်ရပ်တည်နိုင်စွမ်း ရှိစေသည့် ဂေဟစနစ်များအတွက် ဆိုးရွားစွာ ပျက်စီးစေနိုင်သည့် အခြေအနေများကို တွေ့ရှိရပါသည်။

အကျိုး ကျေးဇူး မျှမျှတတရရှိနိုင်မည့် အနာဂတ်တစ်ခုဆီ ကျွန်ုပ်တို့ရှေးရှုလျှောက်လှမ်းနေမှုအား အကူအညီပေးမည့် သို့မဟုတ် အနှောင့်အယှက်ပေးမည့် ပြောင်းလဲမှုကို ဖြစ်စေသော အဓိက အကြောင်းတရားများနှင့် ပတ်သက်၍ ပိုမိုနားလည်သိရှိနိုင်စေရန် ဤလုပ်ငန်းစဉ်အား WWF-မြန်မာက လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ အနာဂတ်၏ ဖြစ်လာနိုင်ခြေ ရှိသော လမ်းကြောင်းများအား တွေးဆ ပုံဖော်ကြည့်ခြင်းအားဖြင့် မည်သို့သော လုပ်ဆောင်ချက်များကို ကျွန်ုပ်တို့ လုပ်ဆောင်ရန် လိုအပ်နေကြောင်း စဉ်းစားသိရှိနိုင်မည် ဖြစ်သည်။ ဤသို့ လုပ်ဆောင်ခြင်းသည် ကျွန်ုပ်တို့မလိုချင်သော အနာဂတ်နောက်သို့ မလိုက်ဘဲ ကျွန်ုပ်တို့လိုချင်သော အနာဂတ်နောက်သို့ အတူတကွ လိုက်ပါနေကြောင်း သေချာစေ ရန် ဖြစ်သည်။

ဤအစီရင်ခံစာကို မြစ်ဝကျွန်းပေါ်ဒေသ၊ အလယ်ပိုင်းမြစ်ဝှမ်းဒေသ၊ အောက်ပိုင်းမြစ်ဝှမ်းဒေသနှင့် ချင်းတွင်းမြစ်ဝှမ်းဒေသတို့ အပါအဝင် ဧရာဝတီမြစ်ဝှမ်းဒေသကြီး အတွင်းရှိ အစိုးရ၊ အရပ်ဘက် လူထုအဖွဲ့အစည်း၊ ပညာရှင်နှင့် စီးပွားရေးလုပ်ငန်း စသည်တို့ထံမှ သဘောထား အမြင်များအား ရယူလျက် ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်များအတွင်း ကျင်းပခဲ့ကာ တက်ရောက်သူ ဦးရေ (၁၀၃) ဦး ရှိသည့် အလုပ်ရုံဆွေးနွေးပွဲများမှ ထွက်ပေါ်လာသော ရလဒ်များမှ တစ်ဆင့် ပြုစုထားခြင်းဖြ စ်သည်။