The WWF is run at a local level by the following offices...
- WWF Global
- Adria
- Argentina
- Armenia
- AsiaPacific
- Australia
- Austria
- Azerbaijan
- Belgium
- Bhutan
- Bolivia
- Borneo
- Brazil
- Bulgaria
- Cambodia
- Cameroon
- Canada
- Caucasus
- Central African Republic
- Central America
- Central Asia
- Chile
- China
- Colombia
- Croatia
- Democratic Republic of the Congo
- Denmark
- Ecuador
- European Policy Office
- Finland
၂၀၁၈ နှစ်ပတ်လည် အစီရင်ခံစာ
28 November 2018
ဒီနှစ်ဟာ ရလဒ်ကောင်းတွေနဲ့ နှစ် တစ်နှစ် ဖြစ်ခဲ့ပါတယ်။
ဆင်ထိန်းသိမ်းရေး ကင်းလှည့်ဝန်ထမ်း လုံးဝ မရှိခဲ့ရာကနေ အခုဆို ကျွန်တော်တို့ရဲ့ အလယ်ပိုင်း ဆင်ထိန်းသိမ်းရေး ဦးစားပေးနယ်မြေမှာ မြေပြင်ကွင်းဆင်း ကင်းလှည့်ဝန်ထမ်း ၂၂၀ ဦးအထိ ရှိနေပြီ ဖြစ်သလို တစ်ပတ်ကို ဆင် တစ်ကောင်နှုန်း အမဲလိုက် သတ်ဖြတ်ခံနေရရာကနေ တစ်လ တစ်ကောင်နှုန်း၊ နောက်ဆုံးတော့ ခြောက်လလုံးမှာမှ တစ်ကောင်နှုန်းအထိ ကျဆင်းခဲ့ပါတယ်။လုံးဝ ကာကွယ်ထားတဲ့ မျိုးစိတ်များတွေကို အမဲလိုက် သတ်ဖြတ်တာ ဒါမှမဟုတ် ကူးသန်း ရောင်းဝယ်တာတွေ အတွက် အနည်းဆုံး ထောင်ဒဏ် ၃ နှစ် ပြစ်ဒဏ် ကျခံရစေမယ့် အာရှမှာ အတင်းကျပ်ဆုံး တောရိုင်းတိရိစ္ဆာန် ဥပဒေတွေထဲက တစ်ခုကို ကျွန်တော်တို့ ပြဋ္ဌာန်းနိုင်စေခဲ့ပြီး တရားရုံးတွေမှာ လက်တွေ့ ကျင့်သုံး အကောင်အထည် ဖော်တာကို မြင်တွေ့ခဲ့ရပါတယ်။ မိုမိုတို့အတွက် ရင်တွင်းစကားသံ (Voices for Momos) လှုပ်ရှားမှုက တဆင့်လည်း ရန်ကုန်တိုင်း ဒေသကြီးအတွင်း တောရိုင်းတိရိစ္ဆာန်တွေ တရားမဝင် ရောင်းချနေမှုတွေကို တားမြစ်ပိတ်ပင်ချက် တစ်ရပ်ကိုလည်း ကျွန်တော်တို့ အခိုင်အမာ ဖြစ်တည်စေခဲ့ပါတယ်။
ဒီတစ်နှစ်တာအတွင်းမှာ စိန်ခေါ်မှုများစွာလည်း ရှိခဲ့ပါတယ်။
ထားဝယ်လမ်းမကြီး စီမံကိန်း ပြန်လည်နိုးထလာခဲ့ပြီး အရေးပါတဲ့ ကျားထိန်းသိမ်းရေးစင်္ကြံကို အကြီးအကျယ် ထိခိုက်စေနိုင်တဲ့ အလားအလာရှိနေတဲ့ လုပ်ငန်းဟာ ရှေ့ဆက် ဇွတ်တိုး လုပ်ဆောင်ဖို့ ရှိနေပါတယ်။ ဆည်တွေနဲ့ ပတ်သက်လို့ ပြောဆိုသံတွေ ပိုမို ကျယ်လောင်လာပြီး ခပ်စိပ်စိပ်ဖြစ်လာသလို လူတိုင်းက ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလအတွင်း မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို သတိပြု စိတ်ဝင်စားနေကြပါတယ်။
ကျွန်တော်တို့ အနေနဲ့ ဒီလို စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့အတွက် အခုဆိုရင် နေပြည်တော်၊ ဘားအံ၊ ထားဝယ်နဲ့ ရန်ကုန်မြို့တွေမှာ ကျွန်တော်တို့ရဲ့ ရုံးတွေ တည်ရှိအောင် ချဲ့ထွင် ဆောင်ရွက်ခဲ့သလို ဒေါန-တနင်္သာရီ၊ အလယ်ပိုင်း ဆင်ထိန်းသိမ်းရေးနဲ့ ဧရာဝတီမြစ်ဝှမ်း ဆိုတဲ့ ဦးစားပေးနယ်မြေ သုံးခုမှာ အာရုံစိုက် လုပ်ဆောင်နေပါတယ်။
သဘာဝသယံဇာတကို အကာအကွယ်ပေးဖို့နဲ့ စီမံခန့်ခွဲနိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ လုပ်ငန်းဟာ နိုင်ငံတဝှမ်းလုံး ငြိမ်းချမ်းရေး ၊ တည်ငြိမ်ရေးနှင့် သာယာဝပြောရေးတို့အတွက် ရင်းနှီးမြုပ်နှံမှု တစ်မျိုးပဲ ဖြစ်ပါတယ်။ ဒီအချက်ကို နေရင်းဒေသကို ပြန်ဝင်လာတဲ့ ကရင်ဒုက္ခသည်တွေနဲ့အတူ ရေရှည်တည်တံ့နိုင်ပြီး အားလုံးပါဝင်နိုင်တဲ့ စီမံကိန်း လုပ်ဆောင်မှု နည်းလမ်းမှတစ်ဆင့် သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအတွက် ကူညီပံ့ပိုးပေးနိုင်ဖို့ လုပ်ကိုင်နေတဲ့ ကျွန်တော်တို့ရဲ့ ဒေါန-တနင်္သာရီစီမံကိန်းတွေက သက်သေထူထားပြီး ဖြစ်ပါတယ်။
အခုအချိန်မှာ မြန်မာပြည်သူလူထု ကောင်းကျိုးအတွက် မြန်မာနိုင်ငံရဲ့ သဘာဝအမွေအနှစ်တွေ ဆက်လက် ကျန်ရှိသလို ရေရှည်တည်တံ့ပြီး အားလုံးအကျုံးဝင် ပါဝင်နိုင်တဲ့ ဖွံ့ဖြိုးရေးကို ရရှိနိုင်ဖို့က ကျန်အရာအားလုံးထက် ပိုအရေးကြီးနေပါတယ်။