The WWF is run at a local level by the following offices...
- WWF Global
- Adria
- Argentina
- Armenia
- AsiaPacific
- Australia
- Austria
- Azerbaijan
- Belgium
- Bhutan
- Bolivia
- Borneo
- Brazil
- Bulgaria
- Cambodia
- Cameroon
- Canada
- Caucasus
- Central African Republic
- Central America
- Chile
- China
- Colombia
- Croatia
- Democratic Republic of the Congo
- Denmark
- Ecuador
- European Policy Office
- Finland
အာရှစျေးကွက် ၅ခုတွင် COVID-19 နှင့် တောရိုင်းတိရစ္ဆာန် ကုန်သွယ်မှုဆိုင်ရာ သဘောထားစစ်တမ်း
07 April 2020
နိဒါန်းနှင့် နည်းစနစ်
တရုတ်နိုင်ငံ၊ ဟူဘေးပြည်နယ်၊ ဝူဟန်မြို့၌ စတင်ခဲ့သည်ဟု သံသယရှိသော နိုဗယ် ကိုရိုနာဗိုင်းရပ်စ် သို့မဟုတ် COVID-19 သည် ယနေ့ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါတစ်ခု ဖြစ်လာပါသည်။ ကိုရိုနာဗိုင်းရပ်စ် စတင် ပျံ့ပွားရာ ရင်းမြစ်တစ်ခုဖြစ်ဖွယ် ရှိသည့် တရားမဝင်နှင့် ကြီးကြပ် အရေးယူမှုမှ လွတ်ကင်းနေသော တောရိုင်းတိရစ္ဆာန်ဈေးကွက်များနှင့် ပတ်သက်၍ WWF သည် COVID-19 ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ ဖြစ်ပွားမှုအတွင်း တရားမဝင်နှင့် ကြီးကြပ် အရေးယူမှုမှ လွတ်ကင်းနေသော ဈေးကွက် အားလုံးကို ပိတ်သိမ်းရန် လူအများ၏ထောက်ခံမှု သဘောထားများကို အကဲဖြတ်ပြီး ပိုမိုနားလည်လာနိုင်ရန်အလို့ငှာဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ၊ ဂျပန်၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများရှိ အများပြည်သူတို့ကို စစ်တမ်းကောက်ယူရန် GlobeScan ကို တာဝန်ပေးခဲ့ပါသည်။၂၀၂၀ ပြည့်နှစ် မတ်လ ၃ ရက်နှင့် ၁၁ ရက်ကြားတွင် GlobeScan သည် ဈေးကွက် ၅ ခုရှိ ဈေးကွက် တစ်ခုစီတွင် ဖြေဆိုသူ အယောက် ၁၀၀၀ နှင့် စုစုပေါင်း ဖြေဆိုသူ အယောက် ၅၀၀၀ ကို မေးမြန်းခဲ့ပါသည်။ ဖြေဆိုသူများကို အလျဉ်းသင့်သလို ရွေးချယ်ထားခြင်း ဖြစ်ပြီး ၎င်းတို့သည် ဈေးကွက် အလိုက် အွန်လိုင်း အသုံးပြုသူများအနက်ကျား/မနှင့် အသက်အရွယ် အမျိုးမျိုးကို ကိုယ်စားပြုပါသည်။ မြန်မာနိုင်ငံသည်သုတေသန ဈေးကွက်အသစ်ဖြစ်သောကြောင့် အွန်လိုင်း အသုံးပြုသူများတွင် လူငယ်ဦးရေက ပိုများပါသည်။
ဖြေဆိုသူများအား ၎င်းတို့နှင့် သက်ဆိုင်သည့် ဈေးအသီးသီးရှိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှင့် ပတ်သက်၍ ၎င်းတို့၏ သဘောထားများအပြင် တရားမဝင်၊ စည်းမဲ့ကမ်းမဲ့ ဖြစ်နေသော ဈေးများတွင် တောရိုင်းတိရစ္ဆာန်များ ရောင်းချနေခြင်းအပေါ် ၎င်းတို့၏ အမြင်များကို မေးမြန်းခဲ့ပါသည်။ ဤစစ်တမ်းကောက်ခံရာတွင် ‘တောရိုင်းတိရစ္ဆာန်များ’ ဆိုသည့် စကားရပ်ကို အိမ်မွေးတိရစ္ဆာန် သို့မဟုတ် မွေးမြူရေး ကုန်းနေသတ္တဝါမဟုတ်သော (အင်းဆက်ပိုးမွှားနှင့် ရေနေသတ္တဝါလည်း မဟုတ်သော) တိရစ္ဆာန်များအဖြစ် အဓိပ္ပါယ်ဖွင့်ဆိုထားပါသည်။