The WWF is run at a local level by the following offices...
မြန်မာနိုင်ငံရှိစားသောက်ကုန်နှင့် အဖျော်ယမကာလုပ်ငန်းများအတွက် အကျိုးရှိသော စွမ်းအင်သုံးစွဲမှုဆိုင်ရာသိမှတ်ဖွယ်ရာများ
29 August 2022
ကမ္ဘာ့လုံးဆိုင်ရာသဘာဝပတ်ဝန်းကျင်ရန်ပုံငွေအဖွဲ့ (WWF-Myanmar)၏သဘာဝပရောဂျက်မှ ဆောင်ရွက်ခဲ့သော လုပ်ငန်းစဥ်များ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ဤစာတမ်းအား ပြုစုထားခြင်းဖြစ်ပါသည်။ အစားအစာနှင့်အဖျော်ယမကာကဏ္ဍရှိ အသေးစားနှင့် အလတ်စား လုပ်ငန်းများအနေဖြင့် စွမ်းအင်သုံးစွဲမှုအား ကောင်းစွာနားလည်သဘောပေါက်စေရန်နှင့် စွမ်းအင် သုံးစွဲမှုများသော လုပ်ငန်းနယ်ပယ်များအား ဖော်ထုတ်၍ တိုးတက်သော စွမ်းအင်ထိရောက်မှု ရရှိစေရန်အတွက် ၎င်းတို့၏လုပ်ငန်းများ၌ လုပ်ဆောင်ရမည့်အဆင့်များအပေါ် လမ်းညွှန်ပြသမှုအချို့ အား ရှာဖွေထောက်ပံ့ပေးရန်ဖြစ်ပါသည်။ ယင်းကဲ့သို့သော အချက်အလက်များသည် ဝန်ဆောင်မှုပေး သူများနှင့် လုပ်ငန်းအသင်းအဖွဲ့များကဲ့သို့သော အခြားသက်ဆိုင်သည့်အဖွဲ့အစည်းများအတွက်လည်း အကျိုးရှိမည်ဖြစ်သည်။
ဤစာတမ်း၏အခြားရည်ရွယ်ချက်မှာ အနာဂတ်တွင် စွမ်းအင်ထိရောက်မှုအတွက် အလားတူ ပရောဂျက်များပုံဖော်ခြင်း သို့မဟုတ် အကောင်အထည်ဖော်ခြင်းပြုလုပ်မည့် အများပိုင်နှင့် ပုဂ္ဂလိက ပိုင်ကုမ္ပဏီများအတွက် သဘာဝပရောဂျက်မှ သင်ယူရရှိခဲ့သော သင်ခန်းစာများအား ပြန်လည် ဝေမျှပေးရန်ဖြစ်ပါသည်။