The WWF is run at a local level by the following offices...
- WWF Global
- Adria
- Argentina
- Armenia
- AsiaPacific
- Australia
- Austria
- Azerbaijan
- Belgium
- Bhutan
- Bolivia
- Borneo
- Brazil
- Bulgaria
- Cambodia
- Cameroon
- Canada
- Caucasus
- Central African Republic
- Central America
- Chile
- China
- Colombia
- Croatia
- Democratic Republic of the Congo
- Denmark
- Ecuador
- European Policy Office
- Finland
- France
ဖြစ်စေနိုင်ရမည်
ဘာကြောင့် အရေးကြီးပါသလဲ။
မြန်မာနိုင်ငံအနေဖြင့် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်နေသော စီးပွားရေးအဆောက်အဦး ဖြစ်လာရေး နိုင်ငံသူနိုင်ငံသားများ၏ မျှော်မှန်းချက်များကို ပြည့်မီရန်လိုအပ်သည် မှန်သော်လည်း နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသူများ သာမက ကမ္ဘာသူကမ္ဘာသား အားလုံးအတွက် အနာဂတ် သာယာဝပြောစေပြီး ပေါများကြွယ်ဝလှတဲ့ သဘာဝအမွေအနှစ်များကို ကြာရှည်ခံအောင် ထိန်းသိမ်းစောင့်ရှောက် ရမည်လည်း ဖြစ်သည်။ မြန်မာနိုင်ငံ၏ စီးပွါးရေး ဖွံ့ဖြိုးတိုးတက်မှုသည် မြန်မာနိုင်ငံသားများအပြင် သဘာဝပတ်ဝန်းကျင်ကိုလည်း ကောင်းစွာအကျိုးပြုရန် လိုအပ်ပါသည်။ မြန်မာနိုင်ငံ၏ လက်ရှိတိုးတက်ပြောင်းလဲမှု အနေအထားအရ လက်တွေ့ဆောင်ရွက်မှုများနှင့် ပေါင်းစပ်ထားသော သဘာဝနှင့် သဟဇာတဖြစ်သည့် ဘဏ္ဍာရေးစနစ်သည် နိုင်ငံ၏ လူမှုအဖွဲ့အစည်းနှင့် သဘာဝပတ်ဝန်းကျင်အပေါ် အပျက်သဘောဆောင်သည့် မသင့်လျော်သည့် ရင်းနှီးမြှုပ်နှံမှုများကို လျှော့ချရင်း သဘာဝပတ်ဝန်းကျင်အတွက် အကျိုးပြုသော၊ လူမှုကောင်းကျိုးရှိစေသော ငွေကြေးစီးဆင်းမှုများကို အရှိန်အဟုန်ကောင်းစေပါမည်။
ဤအစီအစဥ်မှ တစ်ဆင့် ကျွန်တော်အနေဖြင့် မြန်မာနိုင်ငံကို သဘာဝနှင့် သဟဇာတဖြစ်သော အနာဂါတ်ဆီသို့ လျှောက်လှမ်းသော ခရီးတွင် မူဝါဒလုပ်ငန်းစဥ်မှ တစ်ဆင့် ငွေကြေးဘဏ္ဍာရေးကဏ္ဍတွင် စနစ်ကျသော ပြောင်းလဲမှုများ အကျိုးသက်ရောက်စေရန်နှင့် သဘာဝပတ်ဝန်းကျင် ကောင်းကျိုးဆောင်သောလုပ်ငန်းများဆီသို့ ငွေကြေးစီးဆင်းမှု လွမ်းမိုးနိုင်ရန် ကူညီပေးသွားမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံ အခြေစိုက်ဘဏ်များကို ၄င်းတို့၏ ငွေကြေးဘဏ္ဍာရေးနှင့် အခြားသော လှုပ်ရှားမှုများတွင် သဘာဝပတ်ဝန်းကျင်၊ လူမှုရေးနှင့် အုပ်ချုပ်ရေး အစိတ်အပိုင်းများပေါင်းစပ် ထည့်သွင်းနိုင်ရန် နည်းပညာအထောက်အပံ့များနှင့် အရည်အသွေးမြှင့်တင်မှုများကို ထောက်ပံ့သွားမည်ဖြစ်ပါသည်။
ကျွန်တော်တို့အနေဖြင့် မြန်မာနိုင်ငံနှင့် ကိုက်ညီသော စိမ်းလန်းသော ငွေကြေးဆိုင်ရာ နည်းလမ်းများကို ပြန်လည်ကူးယူအသုံးပြုနိုင်သော နမူနာပုံစံများနှင့်အတူ ဖန်တီးနေပါသည်။ မြန်မာ့ပြောင်းလဲမှုဖြစ်စဥ်တွင် မောင်းနှင်သူနှင့် ပေါင်းစပ်ပါဝင်သော အစိတ်အပိုင်းအဖြစ် စိတ်ကူးတူသော မိတ်ဖက်များနှင့် လူမှုပတ်ဝန်းကျင်ကောင်းကျိုးအတွက်ဖော်ဆောင်ထားသော ငွေကြေးစနစ်ကို ပညာပေးမှု၊ လှုံ့ဆော်မှုများမှ တဆင့်တိုးမြှင့်သွားမည်ဖြစ်ပါသည်။