What would you like to search for?

© Shutterstock
မိုမိုတို့အတွက် ရင်တွင်းစကားသံ
မိုမိုတို့အတွက်
ရင်တွင်းစကားသံ

တောရိုင်းတိရစ္ဆာန်များ တရားမဝင် ရောင်းချနေမှု အခုရပ်

‘မိုမိုတို့အတွက်ရင်တွင်းစကားသံ’ သည် မြန်မာ့ဆင်များ သတ်ဖြတ် အရေခွံ ဆုတ်ယူခံနေရမှုကို တုံ့ပြန်သည့် အနေဖြင့် ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် စတင်ခဲ့သော လူထုလှုံ့ဆော်မှု အစီအစဉ်တစ်ရပ် ဖြစ်သည်။

မြန်မာနိုင်ငံတွင် တောရိုင်းတိရစ္ဆာန်များ တရားမဝင် ရောင်းချနေမှုကို အဆုံးသတ်ရန် ရည်ရွယ်သည့် ဤလှုံ့ဆော်မှုသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းများ၊ အစိုးရ၊ လူတစ်ဦးတစ်ယောက်ချင်းစီနှင့် အောင်မြင်ကျော်ကြားသူတို့အား ၎င်းတို့၏ ရင်တွင်းစကားသံများဖြင့် တစ်စည်းတစ်လုံးတည်း ဖြစ်စေခဲ့သည်။

ရည်မှန်းချက်များ
null
မြန်မာနိုင်ငံတွင် ဆင်များကို ထုံးတမ်းအစဉ်အလာအရ မြတ်နိုး တန်ဖိုးထားကြသော်လည်း ၎င်းတို့၏ အရေခွံကို ရလိုမှုအတွက် ဆင်များ သတ်ဖြတ်ခံနေရသည့် အကြောင်းကိုတော့ ပြည်သူများ သိပ်သတိမထားမိကြသေးပါ။ ‘မိုမိုတို့အတွက် ရင်တွင်းစကားသံ’ အစီအစဉ်သည် ထိုအကြောင်းအရာကို မြန်မာလူထု တစ်ရပ်လုံး ကောင်းစွာ နားလည် သဘောပေါက်စေရန်နှင့် ထိုသို့ သတ်ဖြတ်ခံနေရမှုကို ကန့်ကွက်သည့် ၎င်းတို့၏ သဘောထားကို ပြသနိုင်ရန် ရည်ရွယ်ပါသည်။
null
တောရိုင်းတိရစ္ဆာန်များ တရားမဝင် ရောင်းဝယ်ဖောက်ကားမှုသည် မြန်မာ့ တောရိုင်းတိရစ္ဆာန်များ ကြုံတွေ့နေရသော အကြီးမားဆုံး ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်သည်။ ဤပြဿနာကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် အလွှာစုံ၌ အရေးတယူ ဆောင်ရွက်မှုများ ရှိရန် လိုအပ်သည်။ ဤအကြောင်းအရာနှင့် ပတ်သတ်ပြီး အစိုးရ အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များ၊ လူထုအဖွဲ့အစည်းများ၊ အောင်မြင်ကျော်ကြားသူများ တစုတစည်းတည်း ပါဝင် ဆောင်ရွက်ကြခြင်းဖြင့် ရန်ကုန်မြို့တွင်သာမက မြန်မာတစ်နိုင်ငံလုံးတွင်ပါ တောရိုင်းတိရစ္ဆာန်များ တရားမဝင် ရောင်းဝယ်ဖောက်ကားနေမှုကို အဆုံးသတ်စေရန် ပိုမို လုပ်ဆောင်လာနိုင်စေပါသည်။
null
ရန်ကုန်မြို့၏ အဓိကဈေးကွက်များတွင် တောရိုင်းတိရစ္ဆာန်များ တရားမဝင် ရောင်းချနေမှုကို အဆုံးသတ် စေခြင်းဖြင့် နိုင်ငံတစ်ဝှမ်းလုံး၌ ရောင်းချနေမှုများကိုပါ ရပ်တန့်သွားအောင် အရှိန်အဟုန်မြှင့် ဆောင်ရွက်လာနိုင်မည် ဖြစ်သည်။
မှတ်တိုင်များ
၂၀၁၇ နိုဝင်ဘာလ
ရန်ကုန်မြို့လယ်တွင် ကျင်းပပြုလုပ်ခဲ့သော စက္ကူဆင်ရုပ်များ ပြပွဲကို လူပေါင်း ၁၀,၀၀၀ ကျော် လာရောက် အားပေးခဲ့ပြီးနောက် လူမှုကွန်ယက်ပေါ်တွင်လည်း လူပြောများ ပျံ့နှံ့ခဲ့သည်။
၂၀၁၇ ဒီဇင်ဘာလ
KBZ၊ ရွှေတောင်၊ Asia World၊ Viber၊ Oway၊ Samsung ကဲ့သို့သော ကုမ္ပဏီများကလည်း ပူးပေါင်း ပါဝင်ခဲ့ကြသည်။
၂၀၁၈ မတ်လ
ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ၏ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်များကလည်း တောရိုင်းတိရစ္ဆာန်များ တရားမဝင် ရောင်းချနေမှုကို အဆုံးသတ်စေရန် ရည်ရွယ်သည့် သဘောထားတစ်ရပ်ကို ထုတ်ပြန်ခြင်းဖြင့် မြန်မာနိုင်ငံ အစိုးရကို ထောက်ခံအားပေးမှုများ ပြုလုပ်ကာ ပူးပေါင်းပါဝင်ခဲ့ကြသည်။
၂၀၁၈ ဧပြီလ
‘တောရိုင်းတိရစ္ဆာန်များအတွက် ရင်တွင်းစကားသံ’ ဂီတဖျော်ဖြေပွဲကို ရန်ကုန်မြို့လယ်တွင် ကျင်းပပြုလုပ်ခဲ့ပြီး တေးသံရှင်များ၊ အကပညာရှင်များနှင့် အခြား အောင်မြင်ကျော်ကြားသူများ စုစုပေါင်း ၂၅ ဦး ပူးပေါင်း ပါဝင်ခဲ့ကြသည်။ ယင်းဖျော်ဖြေပွဲကို နိုင်ငံတဝှမ်းတွင် ထုတ်လွှင့်ပြသခဲ့သည်။ ကြော်ငြာဆိုင်းဘုတ်များနှင့် ဒစ်ဂျစ်တယ် ကြော်ငြာများမှတဆင့် လူပေါင်း ၂ သန်းခန့်၊ လူမှုကွန်ယက်မှတဆင့် လူပေါင်း ၁၀ သန်းခန့်ဆီ သာမက လှုံ့ဆော်မှု အခမ်းအနားနှင့် အစီအစဉ်များ အားလုံးသို့ တက်ရောက်သူခဲ့ပေါင်း ၁၅၀,၀၀၀ ဆီသို့လည်း ရောက်ရှိပျံ့နှံ့ခဲ့သည်။<br><b>ရန်ကုန်မြို့၏ အဓိက ဈေးကွက်များဖြစ်သော ဗိုလ်ချုပ်ဈေးနှင့် ရွှေတိဂုံစေတီတော်တို့ရှိ ဈေးဆိုင်များကလည်း တော်ရိုင်းတိရစ္ဆာန်ထွက် ပစ္စည်းများ ရောင်းချနေမှုကို ရပ်တန့်သွားရန် သဘောတူညီခဲ့ကြသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကလည်း တောရိုင်းတိရစ္ဆာန်များ တရားမဝင် ရောင်းချမှု ကင်းဝေးသော ရန်ကုန်မြို့တော် ဖြစ်ရေး ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြသည်။</b>
null
ဂေဟရုပ်စုံ