The WWF is run at a local level by the following offices...
- WWF Global
- Adria
- Argentina
- Armenia
- AsiaPacific
- Australia
- Austria
- Azerbaijan
- Belgium
- Bhutan
- Bolivia
- Borneo
- Brazil
- Bulgaria
- Cambodia
- Cameroon
- Canada
- Caucasus
- Central African Republic
- Central America
- Chile
- China
- Colombia
- Croatia
- Democratic Republic of the Congo
- Denmark
- Ecuador
- European Policy Office
- Finland
- France
သဘာဝနှင့် သဟဇာတဖြစ်သော အနာဂတ်တစ်ခု"
ဧရာဝတီ မြစ်ဝှမ်းဒေသအတွင်းရှိ အစားအစာနဲ့ အဖျော်ယမကာ ထုတ်လုပ်ရေးကဏ္ဍတွင် ရေရှည် အကျိုးရှိသော ရေအသုံးချမှုနှင့် စီမံခန့်ခွဲမှုတို့ ဖြစ်လာရန် ထောက်ကူပေးခြင်း
Click for English.
စီမံကိန်းအကြောင်း
ရေချိုအရင်းအမြစ်ဆိုင်ရာ အစီအစဉ်ရဲ့ အစိတ်အပိုင်းဖြစ်တဲ့ "သဘာဝ" ဟာ ဥရောပသမဂ္ဂရဲ့ SWITCH Asia အစီအစဉ်အောက်က ရန်ပုံငွေ ထောက်ပံ့မှု ရရှိထားတဲ့ နှစ်နှစ် စီမံကိန်း ဖြစ်ပါတယ်။ ဒီစီမံကိန်းက မြန်မာနိုင်ငံရဲ့ ကြီးထွားဖွံ့ဖြိုးလာနေတဲ့ အစားအစာနှင့် အဖျော်ယမကာ ထုတ်လုပ်မှုကဏ္ဍမှာ အထူးသဖြင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းတွေမှာ ညစ်ညမ်းစေမှု ပိုနည်းတဲ့ ထုတ်လုပ်မှု စနစ်ကို အားပေးမြှင့်တင် ပေးတာပါ။ ဒီ “သဘာဝ” ဆိုတဲ့ စီမံကိန်းအမည်က ကုမ္ပဏီတွေအနေနဲ့ အရင်းအမြစ်တွေ အသုံးပြုတာတွေနဲ့ သဘာဝတရားအပေါ်ထားတဲ့ ကတိကဝတ်တွေကို ကိုယ်စားပြုပါတယ်။ စက်မှုဖွံ့ဖြိုး တိုးတက်ရေးက စီးပွားရေး တိုးတက်မှုအတွက် အရေးပါပေမယ့် တာဝန်သိသိနဲ့ စီမံခန့်ခွဲတာမျိုး မရှိလျှင် သဘာဝပတ်ဝန်းကျင်အပေါ် သိသာထင်ရှားတဲ့ ဆိုးကျိုးတွေ ဖြစ်စေနိုင်ပြီး တိုင်းပြည်ရဲ့ ရေရှည်ဖွံ့ဖြိုးရေးကို ထိခိုက်စေနိုင်ပါတယ်။ ညစ်ညမ်းစေမှုနည်းတဲ့ ထုတ်လုပ်မှု အလေ့အကျင့်တွေကတစ်ဆင့် သဘာဝအရင်းအမြစ်တွေ ထိန်းသိမ်းရင်း ဖွံ့ဖြိုးတိုးတက်မှုကို ရရှိစေနိုင်သလို လူသားတွေရဲ့ သာယာဝပြောမှုကို အထောက်အကူဖြစ်စေပြီး ဆန်းသစ်တီထွင်မှုကို အားပေးလို့ စက်မှုလုပ်ငန်းတွေကို ဘေးအန္တရာယ် ဖြစ်နိုင်ချေ လျှော့ချနိုင်ချဖို့၊ ကုန်ကျစရိတ်လျှော့ချနိုင်ဖို့နဲ့ ရေနဲ့ စွမ်းအင် အသုံးပြုမှု လျှော့ချနိုင်ဖို့အတွက်လည်း အခွင့်အလမ်း ဖြစ်စေပါတယ်။
ဆက်စပ်ပေါင်းစည်း လုပ်ဆောင်ကြသူများ
စက်မှုဝန်ကြီးဌာန (MOI)၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန (MoNREC)၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC)၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာန (DRI), ရန်ကုန်နည်းပညာတက္ကသိုလ် (YTU)၊ စက်မှုဇုန်ကော်မတီများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)
အကျိုးခံစားခွင့်ရသူများ
အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် အစားအစာနှင့် အဖျော်ယမကာ ကဏ္ဍဆိုင်ရာ စက်မှုဇုန်များ၊ ဒေသခံဘဏ်များ၊ စက်မှုဇုန်အနီးတွင် နေထိုင်သော လူမှုအသိုင်းအဝိုင်း၊ ဒေသခံ စက်မှုလုပ်ငန်း အသင်းအဖွဲ့များနှင့် စီးပွားရေးကြားခံများ
မိတ်ဖက်အဖွဲ့များ
မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ် တင်ပို့ ရောင်းချသူများအသင်း (MFPEA) အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများဆိုင်ရာ ငွေစုဘဏ်များဖောင်ဒေးရှင်း (SBFIC)
စီမံကိန်း လှုပ်ရှားမှုများ
၂၀၁၉ ဇူလိုင် ။ ။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ကြီးမှူးပြီး EU’s SWITCH-Asia ရန်ပုံငွေထောက်ပံထားသော စီမံကိန်းများဖြစ်သည့် SMART Myanmar နှင့် WWF- မြန်မာမှ “သဘာဝ”၊ SWITCH-Asia SCP Facility နှင့် GIZတို့ တွဲဖက် စီစဥ်သော စီးပွားရေး အသင်းအဖွဲ့များနှင့် အများပြည်သူ- ပုဂ္ဂလိက ကဏ္ဍဆိုင်ရာ ဆွေးနွေးပွဲတစ်ခုကို နေပြည်တော်၌ ဇူလိုင်လ ၄ရက်နှင့် ၅ရက်နေ့များတွင် ကျင်းပခဲ့ပါသည်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနဆိုင်ရာ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးနှင့် ရေရှည်တည်တံ့သော ကုန်ထုတ်လုပ်မှုများအကြောင်းကို အကြံပေးဆွေးနွေးခဲ့ပါသည်။ အထည်အလိပ်နှင့် စားသောက်ကုန်နှင့် အဖျော်ယမကာကဏ္ဍမှ ထုတ်လုပ်သူများအပေါ်အဓိကထားဆွေးနွေးခဲ့ပါသည်။
၂၀၁၉ မေ/ဇွန် ။ ။ သဘာဝစီမံကိန်း၏ အကောင်အထည်ဖော်ရေးမိတ်ဖက်အဖွဲ့အစည်းဖြစ်သော ဂျာမနီနိုင်ငံမှ Saving Banks Foundation for International Cooperation (SBFIC)က စီမံကိန်း၏ ပြည်တွင်းမိတ်ဖက်ဘဏ်များဖြစ်သော ဧရာဝတီတောင်သူလယ်သမား တိုးတက်ဖွံ့ဖြိုးရေးဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်တို့ကို ဆိုလာ၊ ဇီဝလောင်စာထုတ်လုပ်စက်နှင့် ရေဆိုးသန့်စင်စွန့်ထုတ်မှုများ ပြုလုပ်သော ကုမ္ပဏီစုစုပေါင်း ၇ခုနှင့် နားလည်မှုစာချွန်လွှာရေးထိုးနိုင်အောင်ပံ့ပိုးပေးခဲ့သည်။ အသေးစားနှင့် အလတ်စား စီးပွားလုပ်ငန်းများရဲ့ ပိုမိုကောင်းမွန်သော သန့်စင်ထုတ်လုပ်မှုဆိုင်ရာအလေ့အကျင့်များကို ထိထိရောက်ရောက်ပံ့ပိုးပေးနိုင်ရန်နှင့် ဝန်ဆောင်မှုများကို ပေးနိုင်ရန်ရည်ရွယ်ပြီး လက်မှတ်ရေးထိုးခဲ့သည်။ စီမံကိန်းရဲ့ အခြားမိတ်ဖက်ပြည်တွင်းဘဏ်နှစ်ဘဏ်များဖြစ်ကြသော သမဝါယမဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်များနှင့် သန့်စင်ထုတ်လုပ်မှုဆိုင်ရာနည်းပညာထောက်ပံ့ပေးသော ကုမ္ပဏီမျာအးကြားမှာလည်း အလားတူ နားလည်မှုစာချွန်လွှာများကို ရေးထိုးသွားမည်ဖြစ်သည်။
၂၀၁၉ မေလ ။ ။ သဘာဝစီမံကိန်းမှ မန္တလေးတိုင်းဒေသကြီး စားသောက်ကုန် ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းနှင့် ပြင်ဦးလွင်စားသောက်ကုန် ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းတို့နှင့် တွေ့ဆုံ၍ အသိပညာမြှင့်တင်မှုဆိုင်ရာဆွေးနွေးပွဲများကို မေလ ၉ရက်နှင့် ၁၀ရက်နေ့တို့တွင် ကျင်းပခဲ့သည်။ ဤဆွေးနွေးပွဲများသည် ညစ်ညမ်းစေမှုပိုနည်းသော ထုတ်လုပ်မှုပုံစံအလေ့အကျင့်များကို စားသောက်ကုန်နှင့် အဖျော်ယမကာကဏ္ဍတွင်း မြှင့်တင်ရန်ဖြစ်သည်။ သဘာဝစီမံကိန်းအကြောင်းနှင့် ရေဆိုးသန့်စင်စွန့်ထုတ်မှုစနစ်၊ စွမ်းအင်ထိရောက်စွာ အသုံးပြုခြင်း နှင့် အစိမ်းရောင်ငွေကြေး တို့ကို လည်း ဆွေးနွေးပွဲတွင် မိတ်ဆက်တင်ပြခဲ့သည်။ အဆိုပါဆွေးနွေးပွဲများသို့ စီးပွားလုပ်ငန်းရှင် ၃၉ဦးအပါအဝင် စုစုပေါင်း တက်ရောက်သူ ၅၀ဦးရှိခဲ့သည်။ စီမံကိန်းအနေဖြင့် ရေဆိုးသန့်စင်စွန့်ထုတ်မှုဆိုင်ရာ သင်တန်းကို ၂၀၁၉ ဇွန်လတွင် ဖွင့်လှစ်ပို့ချနိုင်ရန် မန္တလေးနည်းပညာတက္ကသိုလ်နှင့်လည်း သီးခြားဆွေးနွေးခဲ့သည်။
၂၀၁၉ မတ်လ ။ ။ မတ်လ ၂၂ ရက်ကနေ ၂၆ ရက်အထိ WWF-ဂျာမနီရဲ့ အာရှဒေသဆိုင်ရာ စီမံကိန်းမန်နေဂျာ မာရီယမ် ဟန်ကယ် က ၂၀၁၈ မေလတွင် စတင်ခဲ့သော “သဘာဝ” စီမံကိန်းရဲ့ နှစ်ပတ်လည်သုံးသပ်မှုအတွက် မြန်မာနိုင်ငံကို လာရောက်ခဲ့ပါတယ်။ သူမရဲ့ ၃ရက်တာ ခရီးစဉ်မှာတော့ စီမံကိန်း၊ စီမံကိန်းမိတ်ဖက်များ SBFIC၊ MFPEA၊ ပညာရေးနယ်ပယ်မှ တွဲဖက်ဆောင်ရွက်သူများ၊အစားအစာနှင့် အဖျော်ယမကာ ကဏ္ဍမှ မိတ်ဖက်များဖြစ်တဲ့ Dream World Co. Ltd နဲ့ Win Agro-Livestock Co. Ltd. တို့နဲ့ တွေ့ဆုံဆွေးနွေးမှုများပြုခဲ့ပါတယ်။
ဒေသအဆင့်နှင့် နိုင်ငံအဆင့် မူဝါဒချမှတ်သူများ၊ အသေးစားနှင့် အလတ်စား အစားအစာနှင့် အဖျော်ယမကာ ထုတ်လုပ်ရေး လုပ်ငန်းများ၊ ဒေသခံ ဘဏ္ဍာရေး အဖွဲ့အစည်းများ၊ စီးပွားရေးအသင်းအဖွဲ့များ၊ အတတ်ပညာရှင်များနှင့်အတူ ရင်းနှီးစွာ ပူးပေါင်းလုပ်ကိုင်ပြီး ဤကုန်ထုတ်ကဏ္ဍ၏ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ စွမ်းဆောင်ရည် တိုးတက်စေရန်နှင့် မြန်မာနိုင်ငံ၏ အစိမ်းရောင်စီးပွားရေးကဏ္ဍကို အထောက်အကူပြုစေရန် ရည်ရွယ်ပါသည်။
မြန်မာနိုင်ငံရှိ ကုမ္ပဏီများအနက် ၆၀ ရာခိုင်နှုန်းသည် အစားအစာနှင့် အဖျော်ယမကာ ထုတ်လုပ်သူများ ဖြစ်သည်။
အစားအစာနှင့် အဖျော်ယမကာ ထုတ်လုပ်မှု လုပ်ငန်းများ၏ ၈၉ ရာခိုင်နှုန်းသည် အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖြစ်ကြသည်။.
အစားအစာနှင့် အဖျော်ယမကာ ထုတ်လုပ်သူများ၏ ၅ ရာခိုင်နှုန်း မပြည့်သော ပမာဏသည်သာ အမှန်တကယ် လည်ပတ်နေသည့် စွန့်ပစ်ရေဆိုး သန့်စင်မှုစနစ်ကို အသုံးပြုကြသည်။ စက်မှုလုပ်ငန်း စွန့်ပစ်ရေဆိုးများကြောင့် ညစ်ညမ်းရမှုဟာ မြန်မာ့ ရေချိုဂေဟစနစ်အတွက် အကြီးမားဆုံး အန္တရာယ် ဖြစ်ပါတယ်။
ပျမ်းမျှအားဖြင့် စက်ရုံများသည် ရက်သတ္တာ တစ်ပတ်လျှင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ၃ ကြိမ် တွေ့ကြုံနေရသည်။